|
မြန်မာနိုင်ငံတွင် ထုတ်ဝေသုံးစွဲခဲ့သော
တံဆိပ်ခေါင်းများသမိုင်းစဉ်ကို ပြန် ကြည့်သော် -
- ပထမပိုင်းတွင် အင်္ဂလိပ်ကိုလိုနီခေတ် (၁၈၈၆ - ၁၉၄၈)
အတွင်းထုတ်ဝေ ခဲ့သော တံဆိပ်ခေါင်းများ။
ကိုလိုနီခေတ်ဦးပိုင်းတွင် မြန်မာနိုင်ငံကို
အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းအဖြစ်သတ်မှတ်ပြီး သီးသန်
့တံဆိပ်ခေါင်း ထုတ်ဝေခြင်းမရှိပဲ အိန္ဒိယနိုင်ငံသုံး
တံဆိပ်ခေါင်းများကိုသာသုံးစွဲခဲ့သည်။
၁၉၃၇ခုနှစ်တွင်
မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ပြီးစတွင်
ပထမဆုံး
အိန္ဒိယနိုင်ငံသုံး ဂျော့ဂ်ျဘုရင် (ငါး)
တံဆိပ်ခေါင်းများပေါ်တွင် BURMA ဟူသော စာတန်းနှိပ်ပြီး
အိန္ဒိယနိုင်ငံငွေကြေးစံနစ် နှင့်ပင် ဆက်လက် သုံးစွဲခဲ့သည်။
၁၉၃၈ခုနှစ်ကျမှသာ ဂျော့ဂ်ျဘုရင် (ခြောက်)
တံဆိပ်ခေါင်း များပေါ်တွင် BURMA POSTAGE ဟူ၍ပြောင်းလဲပြီး
အိန္ဒိယနိုင်ငံ ငွေကြေးအခြေခံ
မြန်မာငွေကြေးစံနစ်နှင့်
အသုံးပြုခဲ့သည်။
- ဒုတိယပိုင်းတွင် လွတ်လပ်ရေးရပြီးခေတ် (၁၉၄၈ - ၁၉၆၂)
အတွင်း ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများ။
နိုင်ငံအမည်ကို ပြည်ထောင်စု မြန်မာ နိုင်ငံတော်
UNION OF BURMA ဟူ
၍ သုံးစွဲထားသည်။ ၁၉၅၂ခုနှစ်တွင်
မြန်မာငွေကြေးစံနစ်သစ်
ကျပ်ပြားနှင့် စတင်ပြောင်းလဲသုံးစွဲသည်။
- တတိယပိုင်းတွင် တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ - ၁၉၇၄)
အတွင်း ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများ။
နိုင်ငံအမည်ကို ပြည်ထောင်စု မြန်မာ နိုင်ငံတော်
UNION OF BURMA ဟူ
၍ ဆက်လက်သုံးစွဲထားသည်။
- စတုထ္တပိုင်းတွင်
မြန်မာ့ဆိုရှယ်လစ်ခေတ် (၁၉၇၄ - ၁၉၈၈)
အတွင်းထုတ် ဝေခဲ့သော တံဆိပ်ခေါင်းများ။
နိုင်ငံအမည်ကို ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ
မြန်မာနိုင်ငံတော် (SOCIALIST REPUBLIC OF THE UNION OF BURMA)
ဟူ၍ ပြောင်းလဲသုံးစွဲထားသည်။
- ပဉ္စမပိုင်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံးဖြိုးရေးကောင်စီ (နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ) (၁၉၈၈ - ယနေ့ ထိ)
အတွင်းထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများ။
နိုင်ငံအမည်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော်
UNION OF MYANMAR ဟူ၍ သုံးစွဲထားသည်။
|